ကလေး လူကောင်ထွားအောင် ဘယ်လို ပြင်ဆင်ကျွေးမွေးပေးရမလဲ
ကလေးတွေကို ကြီးထွားဖို့ဆိုရင် မွေးစကနေ ရက်ပေါင်း ၁၀၀၀ အတွင်းမှာ သေချာလေး ဂရုစိုက်ပေးဖို့ လိုပါမယ်။ အကြောင်းကတော့ ဒီကာလမှာ ကလေးက ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ကြီးထွားဖွံ့ဖြိုးတာကြောင့်ပါ။ ဒီတော့ ကလေးကို ထွားအောင် ဘယ်လို ပြင်ဆင်ပေးရမလဲ ဆိုပြီး စိတ်ပူနေပြီလား? နည်းလမ်းကောင်းလေး ဝေမျှပေးထားတာမို့ အတူတူ ကြည့်လိုက်စို့လား။
ကြီးထွားဖွံ့ဖြိုးမှု ဆိုတာ
ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု ဆိုတာက ကလေးရဲ့ အရပ်မြင့်လာတာ၊ ကိုယ်အလေးချိန် တက်လာတာတွေအပြင် အခြားသော ခန္ဓာကိုယ် အစိတ်အပိုင်းတွေ ဖွံ့ဖြိုးလာတာကိုလည်း ခေါ်တာပါ။ ကလေးက တစ်နေ့ထက်တစ်နေ့ တစ်နှစ်ထက်တစ်နှစ် ပိုပြီး ကြီးထွားဖွံ့ဖြိုးလာမှာပါ။
မိဘတွေဘက်က ဘယ်လို ကူညီပေးမလဲ?
ကလေးကို အသက်အရွယ်နဲ့ ညီမျှတဲ့ ကြီးထွားဖွံ့ဖြိုးမှု ရစေဖို့ မိဘတွေ အနေနဲ့ ကလေးကို အာဟာရပြည့်ဝအောင် စားသုံးပေးဖို့ လိုသလို အိပ်ရေးဝဝ အိပ်ဖို့လည်း လိုပါမယ်။ ထိုက်သင့်တဲ့ ကိုယ်လက်လှုပ်ရှားမှုတွေ လုပ်ဆောင်ပေးဖို့လည်း လိုပါမယ်။
ဒီတော့ ကလေးထွားအောင် ဘယ်လို ပြင်ဆင်ပေးရမလဲဆိုတာကို ပြောပြပေးပါမယ်။ ကလေးကို အသက်အရွယ်နဲ့ လိုက်တဲ့ ကြီးထွားမှု ရစေဖို့ နေ့စဉ် စားသုံးမှုမှာ
- ပဲအမျိုးမျိုး
ပဲက အာဟာရ ပြည့်ဝသလို ပရိုတင်း ရရှိနိုင်တဲ့ အရင်းအမြစ်ဆိုရင်လည်း မမှားပါဘူး။ သွေးနီဥဆဲလ်တွေ ဖြစ်ပေါ်စေလို့ ကလေးကို သွေးအားနည်းတာမျိုး မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။ ကလေးကို ညှက်တာမျိုး မဖြစ်အောင် ထောက်ကူပေးမယ့် အမျှင်ဓာတ်၊ မဂ္ဂနီဆီယမ်၊ ကော့ပါး၊ ဇင့်၊ မဂ္ဂနိ့တို့လည်း ပါဝင်နေပါတယ်။
- အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ
အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေကလည်း ကလေးတွေကို ကြီးထွားဖို့ရော ထိုက်သင့်တဲ့ အရပ်အမြင့်ရစေဖို့ပါ ထောက်ကူပေးပါတယ်။ ဒါကြောင့် ကလေးကို ဗီတာမင် စီ၊ မဂ္ဂနီဆီယမ်၊ ဇင့်ဓာတ်၊ ပိုတက်ဆီယမ်၊ ဗီတာမင် ကေတို့ ပါဝင်နေတဲ့ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေဖြစ်တဲ့ ဟင်းနုနွယ်၊ ကိုက်လန်၊ ဂေါ်ဖီထုတ် စတာတွေ စားပေးပါ။
- ကြက်သား
ကြက်သားမှာ ဗီတာမင် ဘီတွဲ ပါဝင်တာကြောင့် ကလေးကို အရက်ရှည်ပြီး ထွားစေဖို့ ထောက်ကူပေးနိုင်မှာပါ။ ကြက်သားမှာပါတဲ့ တောရင်း နဲ့ ပရိုတင်းက ကလေးကို အရွယ်နဲ့လိုက်တဲ့ ကြီးထွားမှု ရစေဖို့ အားဖြည့်ပေးပါတယ်။ ကြက်သားမှာ ဆီလီနီယမ်၊ နီကာဆင်၊ ဗီတာမင် ဘီစစ် တို့ ပါဝင်နေပါတယ်။
- ဒိန်ချဉ်
ကယ်လ်ဆီယမ် နဲ့ ပရိုတင်း ကြွယ်တဲ့ ဒိန်ချဉ်က အစာခြေစနစ်ကျန်းမာစေပြီး စားသမျှ အာဟာရပြည့်ပြည့်ဝဝ ရရှိစေပြီး ကလေးထွားစေဖို့ အားဖြည့်ပေးနိုင်ပါတယ်။
- ကန်စွန်းဥ
ဗီတာမင် အေ၊ ဗီတာမင် စီ၊ ပိုဆက်ဆီယမ်တို့ ပါဝင်နေတဲ့ ကန်စွန်းဥက ဗီတာမင် သတ္တုဓာတ်တွေ ကြွယ်ဝစွာ ပါဝင်နေပြီး ကလေးကို ထွားစေဖို့ ထောက်ကူပေးနိုင်မှာပါ။
- ဥအမျိုးမျိုး
ပရိုတင်း ကြွယ်ဝတဲ့ ဥအမျိုးမျိုးက ဗီတာမင် ဒီလည်း ပါဝင်နေတာကြောင့် ကိုယ်ခံအား ကောင်းစေဖို့ရော ကလေးထွားစေဖို့ပါ ထောက်ကူပေးမှာပါ။
- နို့
နို့က ကလေးထွားဖို့မှာ မရှိမဖြစ် အာဟာရပါ။ ပရိုတင်းရော ကယ်လ်ဆီယမ်ပါ ကြွယ်ဝတဲ့ နို့က ကလေးကို အရပ်မြင့်စေဖို့ရော ကြီးထွားဖွံ့ဖြိုးစေဖို့ပါ အားဖြည့်ပေးမှာပါ။
မေမေတို့အနေနဲ့ မိမိတို့ရင်သွေးလေးတွေ ကြီးထွားဖွံ့ဖြိုးစေဖို့ဆိုရင် အခုပြောခဲ့တာလေးတွေကို ပြင်ဆင်ပေးလို့ ရပါတယ်။
မွန်မွန်